Firmware တင်​နည်းမှတ်​စု​ပေါင်းစုံ


Y310 - T10 အတွက်
Tool ကိုဖွင့်ပါ ပြီးရင် ဖုန်းဘက်ထရီကိုဖွင့်ပြီး ၅စက္ကန့်လောက်ထားပါ နောက်ပြီးရင်ပြန်တပ်ပါ။ Vol down ကိုဖိထားပြီး USB ကိုထိုးလိုက်ပါ။ pass ဆိုတဲ့စာတမ်းလေးပေါ်လာရင် ရပါပြီ။

7232 အတွက်
Tool ကိုဖွင့်ပါ ပြီးရင် Scatter-loading နေရာကို နှိပ်လိုက်ပါ။ ပြီးရင် MT6572 Android scatter ကိုရွေးပေးလိုက်ပါ ပြီးရင် Firmware upgrade ကိုနှိပ်ပါ ထို့နောက် phone မှ
Vol down + power ကိုတွဲနှိပ်ထားလိုက်ပါ အစိမ်းဝိုင်းလေးပြလာရင် battery ဖြုတ်ပြီးရင် ပြန်တပ်ပြီးဖွင့်လိုက်ပါ။

7060 အတွက်
ပထမဦးဆုံး Resrrch Download ကိုဖွင့်ပါ ပထမဦးဆုံး setting ကိုနှိပ်ပြီး firmware pac ဖိုင်ကိုရွေးလိုက်ပါ ထို့နောက် play ပုံစုံနှိပ်လိုက်ပါ ပြီးရင် ဖုန်းကို battery ဖြုတ် ပြန်တပ်ပြီး
Vol up ကိုနှိပ်ပြီး USB ကိုထိုးလိုက်ပါ Pass စာတမ်းလေးပြရင် ရပါပြီ။

Y511 - U00 အတွက်
Sp Flash tool ကို ဖွင့်ပါ။ Scatter loading နေရာတွင် ဖြည်ထားသော ဖိုဒါမှ MT6572 Android scatter emmc.txt ကိုရွေးပေးပါ။
Firmware Upgrade ဆိုတာလေးကို နှိပ်ပါ။ ဖုန်းကို battery ဖြုတ်ပြီး 5Seconds လောက်ထားပါ battery ပြန်တပ်ပြီး မည်သည့်ခလုတ်မှမနှိပ်ပဲ USB ကိုထိုးလိုက်ပါ။ pass ဆိုတဲ့စာတမ်းလေးပြရင်ရပါပြီ။

Y511 -U30 အတွက်
အရင်ဆုံးရလာတဲ့ File ကို Folder တစ်ခုဆောက်ပြီး အဲထဲမှာ Extract လုပ်ပေးလိုက်ပါ၊ ဖြည့်ထားတဲ့ အထဲမှာမှ Flash Tool File ကိုဝင်ပြီး Flash tool.exe ကို RUN ပေးလိုက်ပါ၊
ပြီးရင် Scatter-loading ကိုကလစ်ပြီး ဒေါင်းထားတဲ့ ဖိုင်းထဲက Android_scatter_emmc.txt ကိုရွေးပြီး OK ကိုနိမ့်ပေးလိုက်ပါ၊ Firmware File ကို Loading ဆွဲမှမို့ခနစောင့်ပေးပါ၊
ပြီးရင်တော့ Firmware File တွေဖြည့်ပြီးသာဖြစ်သွားပါလိမ့်မယ်၊

Firmware ကို Flash ဖို့အတွက် Diver ရှိဖို့လိုအပ်ပါတယ်၊ Diver မရှိရင်အောက်မှာဒေါင်းလိုက်ပါ၊
Diver Download..... USB_Drivers.rar

Diver တင်ဖို့အခက်ခဲရှိတယ်ဆိုရင်  ဒီကနေ သွားလေ့လာလိုက်ပါ၊ အဆင့်သင့်ဖြစ်ပြီးဆိုရင်တော့  Tool မှာ Download Button ကိုကလစ်ပြီး ဖုန်းကို  ပါ၀ါပိတ်ပြီး Vol+ ကိုနိမ့် USB ကြိုးထိုးလိုက်ပါ၊ Diver မိတယ်ဆိုရင် သူ့ဟာသူတင်သွားလိမ့်မယ်၊
အဲနည်းနဲ့ Diver မရှာခဲ့ရင် ဖုန်းဓာတ်ခဲထုတ် USB ကြိုးထိုးပြီးမှ ဓာတ်ခဲထည့်ပါ၊တစ်နည်းမဟုတ်တစ်နည်းရပါလိမ့်မယ်၊အဆင်ပြေပါစေဗျာ.....
Credit>>>>

Comments