ကွန်ပြူတာ၏ Input/Output (Devices) ပစ္စည်းများ

 


ကွန်ပျူတာစတင်လေ့လာနေသူများအနေဖြင့် ကွန်ပျူတာဖြင့် ချိတ်ဆက်အသုံးပြုနိုင်သော Input/Output (Devices) ပစ္စည်း ကိရိယာများ၊စက်များကို လေ့လာသိရှိထားရပါမည်။

Input Device ဆိုသည်မှာ ကွန်ပျူတာကို ချိတ်ဆက်ထားသော  ပစ္စည်းကိရိယာ၊စက်တစ်ခုခုမှ ဓာတ်ပုံ၊ဗီဒီယို၊စာသား အစရှိသော ဖိုင်၊ဖိုဒါများ ကွန်ပျူတာထဲသို့ပို့ဆောင်ပေးသော စက်ပစ္စည်းများကိုဆိုလိုခြင်းဖြစ်ပါသည်။

Output Device ဆိုသည်မှာ ကွန်ပျူတာထဲမှ ဖိုင်၊ဖိုဒါအစရှိသည်များကို ထုတ်ယူနိုင်သော စက်ပစ္စည်းများကို
ဆိုလိုခြင်းဖြစ်ပါသည်။ ကွန်ပျူတာထဲသို့ ဝင်ရောက်ချိတ်ဆက် အသုံးပြုနေသည်များကို Input Device ဟု မှတ်ယူနိုင်ပြီး ကွန်ပျူတာဖြင့်ချိတ်ဆက်ထားပြီး ဓာတ်ပုံ၊ဗီဒီယို၊စာသား များ ထုတ်ယူနိုင်သော စက်များကို Output Device ဟုမှတ်ထားနိုင်ပါသည်။

ကွန်ပျူတာဖြင့် ချိတ်ဆက်အသုံးပြု ၾကေသာ Input/Output Device များကိုအောက်ပါအတိုင်း လေ့လာနိုင်ပါသည်။ လုပ်ငန်းနယ်ပယ်အလိုက် အသုံးပြုကြသော Input/Output စက်ပစ္စည်းကိရိယာများစွာရှိနိုင်ပါသေးသည်။
System
ပိုင်းဆိုင်ရာ Input/Output Device များကို နောက် သင်ခန်းစာများတွင် ဆက်လက်ဖော်ပြပါမည်။

Input Devices:

Camera (ဓာတ်ပုံရိုက်ကူးသောကင်မရာ)
• Barcode reader (Bar
ကုဒ်နံပါတ်များဖတ်နိုင်သော စက်ပစ္စည်းတစ်ခု)
• Keyboard (
စာသားများ၊ နံပါတ်များ၊ Emoji များ ရိုက်ထည့်နိုင်သော ကီးဘုတ်)
• Microphone (
ကွန်ပျူတာထဲသို့အသံသွင်းသည့် အခါ အသုံးပြုရသော ဖုန်းတစ်မျိုး)
• Mouse (
အသုံးပြုလိုသောနေရာသို့ ညွန်ပေးနိုင်သော Pointer တစ္ခု)
• Scanner (
ပုံ၊စာသားများကို မှုရင်းအတိုင်း ကွန်ပျူတာထဲသို့ထည့်လိုသည့်အခါ အသုံးပြုသောစက်)
• Webcam (
ဓာတ်ပုံ၊ဗီဒီယိုများ ရိုက်ကူးနိုင်သော ကွန်ပျူတာကင်မရာ)
• Touchpads (
အဆင့်မြင့်ကွန်ပျူတာများတွင် လက်ဖြင့် ထိတွေ့စေခိုင်းနိုင်သော Touchpad)
• Pen Input (
ကွန်ပျူတာမျက်နှာပြင်တွင် စာရေးသားခြင်း၊ပုံများဆွဲနိုင်သော Pen)

Output Devices:

Monitor (TV ကဲ့သို့သော ရုပ်ပုံ၊စာသားများ မြင်ရသော ကွန်ပျူတာမျက်နှာပြင်)
• Printers (
ရုပ်ပုံ၊စာသားများ ထုတ်ယူနိုင်သော စက်)
• Projector (
အကြောင်းအရာတစ်ခုကို ရှင်းပြလိုသည့်အခါ လူအများမြင်နိုင်အောင် ရုပ်ပုံ၊စာသားများ၊
ကွန်ပျူတာမျက်နှာပြင်တစ်ခုလုံးကို အကျယ်ချဲ့အသုံးပြုနိုင်သောစက်တစ်ခု)
• Speaker (
အသံထွက်စက်)
• Head Phone (
နားကြပ်ကဲ့သို့သော စက်များ)

Input–Output Devices:

Modems (SIM ကဒ်ထည့်ပြီး အင်တာနက်အသုံးပြုနိုင်သော စက်)
• Network cards (
ကွန်ပျူတာထဲသို့အင်တာနက် ချိတ်ဆက်သော ကဒ်)
• Audio Cards / Sound Card
• Headsets (Headset consists of Speakers and Microphone. 
• Speaker act Output Device and Microphone act as Input device)
• Facsimile (FAX) (It has scanner to scan the document and also
have printer to Print the document)

Source: net complus

Comments