1G, 2G, 3G, 4G (LTE), GSM နဲ့ CDMA တို့ရဲ့ကွာခြားချက်များနဲ့လုပ်ဆောင်ပုံံ

1G, 2G, 3G, 4G (LTE), GSM နဲ့ CDMA တို့ရဲ့ကွာခြားချက်များနဲ့လုပ်ဆောင်ပုံ….


1G ဆိုတာ first generation radio ကြိုးမဲ့ဆက်သွယ်ရေးနညး်ပညာကိုအတိုချုပ်ခေါ်ဆိုထားခြငး်ပဲဖြစ်ပါတယ်။ နောက်ထပ်ပြောရမယ်ဆိုရင် 1G ဆိုတာ GSM (Global System for Mobile Communication) Standards တွေပေါ်မှာစတင်တည်ဆောက်ထားပြီး data signal များဟာ Analog Signal များပဲဖြစ်ပါတယ်။ Data Transfer Rate အနေနဲ့ကတော့ 28kbps မှ 56kbps အထိသာရှိပါတယ်။ ဖုန်းပြောဆိုရန်သာအသုံးပြုနိုင်ပြီး တစ်ခြား SMS ပေးပို့ခြငး် Internet အသုံးပြုခြငး်တွေကိုတော့ ပြုလုပ်နိုင်ခြငး်မရှိပါဘူး။


2G ဆိုတာ second generation digital ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြငး်ပဲဖြစ်ပါတယ်။ နောက်ထပ်ပြောရမယ်ဆိုရင် 2G ဆိုတာ GSM (Global System for Mobile Communication) Standards တွေပေါ်မှာစတင်တည်ဆောက်ထားပြီးသူ့အရင်1G အဆင့်မြှင့်တင်ထားခြငး်ပဲဖြစ်ပါတယ်။ 1G မှာတုန်းကဆိုရင် data signal များဟာ Analog Signal တွေပဲဖြစ်ပြီး 2G မှစတင်ကာ Analog Signal ကို Digital Signal တွေအဖြစ်စတင်ပြောငး်လဲခဲ့ပါတယ်။ 2G Network ကိုအသုံးပြုတဲ့ mobile phone တွေဟာဆိုရင် SMS ပေးပို့ခြငး် ဖုန်းခေါ်ဆိုခြငး်စတဲ့ဝန်ဆောင်မှုတွေကိုပဲလုပ်ဆောင်နိုင်ပါတယ်။ 2G ကိုမြှင့်တင်ထားတဲ့ 2.5G (GPRS), 2.75G (EDGE) မှစတင်ပြီး Picture Message or MMS (Multimedia Message) ပေးပို့ခြင်း Internet အသုံးပြုခြငး် အစရှိတဲ့ဝန်ဆောင်မှုတွေကို စတင်လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။


2G မှာအဓိကအားဖြင့် နညး်ပညာ၂ခုကိုအသုံးပြုပါတယ်။ TDMA (Time Division Multiple Access) နှင့် CDMA (Code Division Multiple Access) ဆိုပြီး နညး်ပညာ၂ခုကိုအသုံးပြုပါတယ်။ ကမ္ဘာ့ ၈ဝရာခိုင်နှုန်းရဲ့ mobile phone အသုံးပြုသူများဟာ GSM (TDMA Based) Network ကိုအသုံးပြုကြပြီး ကျန်တဲ့ ၂ဝရာနှုန်းကတော့ CDMA Network ကိုအသုံးပြုကြပါတယ်။ ဒီနေရာမှာ Mobile ဆက်သွယ်ရေး Network ကို၂မျိုးခွဲခြားထားနိုင်ပါတယ်။ GSM (TDMA Based) နဲ့ CDMA ဆိုပြီး ဖြစ်ပါတယ်။ 2Gမှာအမြင်ဆုံး Data Transfer Rate မှာ 9.6 to 14.4 kbps (kilobits per second) ထိသာရှိပါတယ်။


3G ဆိုတာ third generation digital ကြိုးမဲ့ဆက်သွယ်ရေးနညး်ပညာကိုအတိုချုပ်ခေါ်ဆိုထားခြငး်ပဲဖြစ်ပါတယ်။ 3G Network မှာဆိုရင် VOIP (Voice Over Internet Protocol), Mobile Internet Access, Video Calls, Mobile TV အစရှိတဲ့ ဝန်ဆောင်မှုတွေကို မိမိရဲ့ mobile phone မှတစ်ဆင့်အသုံးပြုနိုင်ပြီး Data Transfer Rate အနေနဲ့ 500 kbps မှစတင်ကာ 3.1 Mbps အထိရရှိနိုင်ပါတယ်။


4G ဆိုတာ fourth generation digital ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြငး်ပဲဖြစ်ပါတယ်။ 4G Network မှာဆိုရင် 3G Network မှာအသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုတွေအပြင် High Definition (HD) Video Streaming, 3D Video Streaming နဲ့ Cloud Computing အစရှိတဲ့ဝန်ဆောင်မှုတွေကို mobile phone မှတစ်ဆင့်အသုံးပြုနိုင်ပါတယ်။ Data Transfer Rate အနေနဲ့ကတော့ 3Mbps မှ 100Mbps အထိရရှိနိုင်ပါတယ်။


ဒီ 4G မှာမှ 4G LTE-Advanced ဆိုတာရှိပါသေးတယ်။ ဒီ 4G LTE-Advanced ကတော့နိုင်ငံတိုငး်မှာမရရှိနိုင်သေးတဲ့အပြင် အခုမှစမး်သပ်ကာလပဲရှိပါသေးတယ်။ 4G LTE-Advanced ဟာဆိုရင် Data Transfer အနေနဲ့ 100Mbps မှ 1Gbps အထိရရှိမှာဖြစ်ပါတယ်။


ဒီနေရာမှာထူးခြားချက်တစ်ခုအနေနဲ့ကတော့ 2G မှစတင်ပြီး 3G, 4G အစရှိတဲ့ Network တိုငး်ဟာ TDMA (Time Division Multiple Access) နှင့် CDMA (Code Division Multiple Access) ဆိုပြီး နညး်ပညာ၂ခုကိုအသုံးပြုကြတာဖြစ်ပါတယ်။ အသုံးပြုတဲ့ နည်းပညာပေါ်မူတည်ပြီး ရရှိနိုင်မယ့် Data Transfer Rate ကွားခြားသွားနိုင်သလို အသုံးပြုတဲ့ Handset အမျိုးအစားလညး်ကွာခြားသွားပါတယ်။


TDMA Based နညး်ပညာကိုအသုံးပြုတဲ့ GSM Network တွေမှာ အသုံးပြုတဲ့ Handset တွေကို CDMA Based နညး်ပညာကိုအသုံးပြုတဲ့ CDMA Network တွေမှာအသုံးပြုလို့မရပါဘူး။ ဘာလို့ဒီလိုဖြစ်ရသလဲဆိုတော့ သူတို့အသုံးပြုတဲ့ Frequency Band ကြောင့်ပါ။ CDMA ဟာ Frequency Band အားဖြင့် ၂မျိုးသာရှိပါတယ်။ 450MHz နဲ့ 800 MHz ဆိုပြီး။ ပြီးတော့ CDMA ရဲ့ Frequency Band ဟာ Single Frequency Band အမျိုးအစားဖြစ်ပါတယ်။ ဆိုလိုတာက 450MHz မှာအသုံးပြုတဲ့ Handset ဟာ 450MHz Network မှာပဲအသုံးပြုလို့ရပါတယ်။ 800 MHz မှာသွားသုံးလို့မရပါဘူး။ GSM ရဲ့ Frequency Band ကတော့ Multiple Frequency Band အမျိုးအစားဖြစ်ပြီး 850/900/1800/1900 MHz အစရှိသဖြင့်ရှိပါတယ်။ ဒါကြောင့် GSM ဖုန်းတစ်လုံးဟာ မည်သည့် Frequency Band နဲ့မဆိုအသုံးပြုနိုင်ပါတယ်။

အခုလောက်ဆိုရင် IT4M စာဖတ်ပရိတ်သက်တွေလညး် Mobile ဆက်သွယ်ရေး Network အမျိုးအစားတွေရဲ့ကွာခြားပုံတွေကို သိရှိပြီဖြစ်မယ်လို့ထင်ပါတယ


4G

Packet-switching networks ဆိုတာ telephony system ရဲ့ ဆင့်ကဲဖြစ်စဉ်တစ်ခုပါ။ ကျွန်တော်တို့ကတော့ ဒါကို Circuit switching လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ 3G network က်ို စမ်းသပ်လို့ သုံးစွဲပြီးတဲ့ အခါမှာ 4G ဆီကို ခြေလှမ်းတွေ ဦးတည်နေပါပြီ။ ဒါဆို4G ဆိုတာက ဘာလဲ။ telecommunication အပိုင်းက သူ့ရဲ့ ကဏ္ဍ က ဘာလဲ။


4G ဆိုတာ ဘာလဲ


4G ဆိုတာက အခုနောက်ပိုင်း နည်းပညာလောကမှာ လူတိုင်းစိတ်ဝင်စားနေတဲ့ ဆက်သွယ်ရေး နည်းပညာ တစ်ခုပါ။ 4G network ရရှိတဲ့ US တို့ UK တို့လိုနိုင်ငံမျိုးတွေမှာဆို user တွေက 4Gရဲ့ အရသာကိုသိချင်ကြလို့ သူတို့ရဲ့ smart phone တွေကို 4G support ဖြစ်တဲ့ ဖုန်းတွေကိုပြောင်းကိုင် ကုန်ကြပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ အခုဆို 4G ကို စတင် မြည်းစမ်းကြည့်ဖို့ လုပ်ဆောင်နေကြပါပြီ။ နည်းပညာရဲ့ ပြိုင်ဆိုင်မှုလမ်းကြောင်းပေါ်က 4G၊ သူကဘယ်လို formula တွေနဲ့ တိုက်စစ်ဆင်လာ မယ်ဆိုတာ မသိရသေးပေမယ့် သေချာတာကတော့ 3G က support လုပ်ခဲ့ တဲ့ မြန်နှုန်းထက် အများကြီး သာမယ်ဆိုတာကတော့ အသေအချာပါပဲ။


.

3G နဲ့ 4G network နှစ်မျိုးစလုံးက IP internet protocol စနစ်ကို အခြေခံထားတဲ့ အတွက် သူတို့ နှစ်မျိုး စလုံးရဲ့ imformation တွေ sending, receiving standard တွေကတော့ အတူတူပါပဲ။ အဓိက မတူတာကတော့ သူတို့ နှစ်ခုရဲ့ ပေါ်ထွက်လာတဲ့ အချိန်ပေ့ါ။

3G ကို 2001မှာစတင်မိတ်ဆက် ခဲ့ တာဖြစ်ပြီး၊ mobile network က voice call ပေါ်မှာ အရင် 2G နဲ့ မတူပဲ၊ ကွဲပြားခြားနားတဲ့ စံနှုန်း တစ်ခု အဖြစ်နဲ့ တည်ရှိခဲ့တာပါ။ ဒါပေမယ့် voice call နဲ့ multimedia massaging အတွက် သီးခြား protocols တစ်စုံ 3G မှာဘာကြောင့်မရှိတာလဲ ဆိုတဲ့ မေးခွန်းအတွက်ကတော့ ဖြေဖို့ အကြောင်း ပြချက် မရှိခဲ့ပါဘူး။ ဒါပေမယ့် 3G နဲ့ internet သုံးရာမှာတော့ တော်တော်လေးအဆင်ပြေခဲ့ပါတယ်။ ဒါဆိုရင် 4G မှာ ဒီအချက်တွေပြည့်စုံသွားပြီပေ့ါ။ ဟုတ်ပါတယ်။ 4G မှာ voice call နဲ့ multimedia massaging အတွက် သီးခြား IP တွေ ရှိလာပါပြီ။ ဒါဘာကိုဆိုလိုတာလဲဆိုတော့ data sending နဲ့ receiving တွေမှာ အရင်ကထက် ပိုမို မြန်ဆန်ပြည့်စုံလာပြီး၊ လိုအပ်မယ်ဆိုရင် packet switching system ကို အသုံးပြုနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

.

packet switching system ဆိုတာကလည်း telephony system ရဲ့ နောက်ဆုံးပေါ်နည်းပညာ ဖြစ်တဲ့ circuit switching ဆိုတာပါပဲ။ ဆိုလိုတာက cable တစ်ချောင်းတည်းပေါ်ကပဲ အချက်အလက် တွေ ပို့မယ်၊ ဒါအပြင် ဖုန်းလိုင်းကိုလည်း ဒီ cable တစ်ချောင်းတည်းကပဲ သွားမယ်။ ကောင်းပါပြီ။ အရင် 3G မှာတုန်း က သူ့အတွက် အရမ်းရှုပ််ထွေးတဲ့ cable ကြိုးတွေကို မိုင်ထောင်ချီ တပ်ဆင်ရတဲ့ အတွက် အကုန်အကျ များတယ်။ လိုင်းဆင်တဲ့ အင်ဂျင်နီယာတွေအတွက်တော့ အရမ်းကို မျက်စီ ရှုပ်စရာ ပဲပေါ့။

.

ဒါဆို ဒီ packet switching system ဆိုတာကြီးက မမြင်တောင်မမြင်ရသေးဘူး။ ကြားရရုံနဲ့တင် တော်တော်လန်းနေပါပြီ။ ပြီးတော့ သူ့ရဲ့ ဖုန်းလိုင်းက VoIP(voice voer internet protocols) နဲ့ အစပြုထားတာဆိုတော့၊ သင် ဖုန်းပြောနေစဉ်အတွင်းမှာပဲ အခြားတစ်ယောက် သင်နဲ့ ဖုန်းပြောနေတဲ့သူမဟုတ်) က သင်တို့ပြောနေတာတွေကိုနားထောင်လို့ရတာပေါ့။ သင်ဖုန်းပြောနေတဲ့ လိုင်းထဲကို အခြားတစ်ယောက်က ဝင်လာလို့ရတယ်လို့ပြောချင်တာပါ။

.

data တွေ transmission လုပ်တဲ့ ကိစ္စမှာလည်းဒီအတိုင်းပါပဲ။ ဒီ packet switching systemဆိုတာကြီးက သင် data တွေ sending, receiving ပြုလုပ်တဲ့ အခါ မှာ မြန်ဆန်စေဖို့အတွက် သီးခြားnetwork တွေ အများကြီး ဖန်တီးပြီး လုပ်ဆောင်နိုင်တယ်ဆိုတာပါပဲ။ click တစ်ချက်မှာ data တွေဘယ်လောက်တောင် transfer ဖြစ်သွားမလဲ စဉ်းစားကြည့်ပေါ့။


Internet protocol ကို သုံးထားတဲ့ mobile phone မှာဆိုရင် data တွေအားလုံးကို cyrpt လုပ်ပြီး streamlined packets အဖြစ်ဖန်တီးမယ်။ ပြီးမှ upload လုပ်ရလွယ်အောင် packet တစ်ခုခြင်းစီကို address တစ်ခုစီနဲ့ network တစ်ခုစီဖန်တီးပြီး upload လုပ်မယ်။ ဒီdata ဖြတ်သန်းမှုဖြစ်စဉ်တစ်ခု လုံးမှာ router ဆိုတဲ့ gate တွေကို တစ်ခုချင်းစီ ဖြတ်သန်းသွားဦးမယ်။ စဉ်းစားကြည့်ရအောင်။ speed နဲ့ security အပိုင်းမှာ 3G ထက် လုံးဝကိုသာသွားတာမဟုတ်ဘူးလား။ နောက်ပြီး 4G အတွက် ကုန်ကျစရိတ်ကလညး် 3G ထက်အများကြီးသက်သာတယ်။ optimum cost နဲ့ efficiency အတွက် ရေအောက်ကြိုးတွေသုံးလို့ရသလို satellite ချိတ်ဆက်မှုတွေပါ ပါဝင်လာပြီဆိုတော့ 4G ရဲ့ စွမ်းဆောင်နိုင်မှုနယ်ပယ်က အရမ်းကို ကျယ်ပြန့်သွားပြီးပေါ့။ ဒီအချက်အလက်တွေကြောင့် ကမ္ဘာာနိုင်ငံတိုင်းက 3G network တည်ဆောက်ပြီးတာနဲ့တပြိုင်နက် 4G ကိုခြေဦးတည့်ချင်လာ ကြတာပါ။


နောက်ထပ် 4G က စွမ်းဆောင်နိုင်တာတွေအမျာကြီးရှိနေပါသေးတယ်။ သူ့မှာ ပိုပြီးမြင့်မားတဲ့ capacity နဲ့ ပိုမြန်တဲ့ data rate တွေရှိတာကြောင့် user တွေအနေနဲ့ တစ်ချိန်တည်းမှာပဲ များပြားလှတဲ့ data တွေကို စကန့်ပိုင်းအတွင်း ထိန်းချုပ်နိုင်မှာပါ။ ဖိုင်ဆိုဒ်အရမ်းကြီးတဲ့HD ဗီဒီယိုတွေ uplode လုပ်တာတွေ၊ resolution အရမ်းမြင့်တဲ့ photo တွေကို download (သို့)share လုပ်တာ တွေ၊ ဒါတွေမှာ 4G ရဲ့ လျှင် မြန်တဲ့ speed တွေကြောင့် သင့်online ပတ်ဝန်းကျင်က အရင်ကထက် စိမ်းလန်းစိုပြေ သွားမှာပါ။

နောက်တစ်ခုက 4Gက latency နည်းနည်း မြန်နှုန်း မြင့်မြင့် စွမ်းဆောင်နိုင်မှုကြောင့် သင့်ရဲ့ တုန့်ပြန်မှုတွေ ပေါ်မှာ အချိန်ဆိုတာကိုတောင် သင်မေ့ချင်မေ့နေမှာပါ။ ထပ်ပြီးသာ latency ကိုလျှော့ချလိုက်မယ် ဆိုရင်တော့ mobile network သုံးနေစဉ် phone call ဝင်လာရင်တောင်မှ lag ဖြစ်သွားမှာမဟုတ်ပဲ mobile network ပေါ်မှာ snappier respond ဆက်ပြီးရရှိနေဦးမှာပါ (1latency=50millisec)။ 4G နည်းပညာမှာ electromagnetic spectrum ကို အကောင်းမွန်ဆုံး အသုံးပြုထားတဲ့ အပြင် နောက်ဆုံးပေါ် encoding နည်းပညာတွေကို ပါ အသုံးပြုထားတာကြောင့် data တွေကို frequency hertz တိုင်းမှာ bandwidth ကျယ်ကျယ်နဲ့ transfer လုပ်နိုင်ပါတယ်။


ယေဘုယျအားဖြင့်တော့ 4G network user တိုင်းက download speed 10Mbps အထိတော့ မျှော်မှန်းထားကြတာပါပဲ။ ဒါက home internet connection အတွက်ဖြစ်သင့်တဲ့ speed ပါပဲ။ 3G ထက်တော့ အများကြီးသာတာပေါ့။ ဒီလို မြန်နှုန်းမြင့်လာတာ အလွန်ကိုကောင်းတဲ့ ကိစပါ။ တချိုကနိုင်ငံတွေမှာ ဆို 4Gရဲ့ အမြင့်ဆုံး speed က 50Mbps နဲ့ အထက်တောင်ရရှိနိုင်တာပါ။ အံသြစရာမကောင်းဘုူးလား။


taleemworld-com-1g-vs-2g-vs-3g-vs-4g


4G မှာ အရမ်းကောင်းမွန်တဲ့ system 3ခုရှိပါတယ်။ ဒါတွေကတော့ 1.HSPA+(high speed packet access) 2.WiMax, wi-fi ထက် ပိုပြီးကောင်းမွန်တဲ့ internet စနစ်ပါ။ မြောက်အမေရိကမှာ ဒီ စနစ်ကို အဓိကအသုံးပြုပါတယ်။ 3.4G LTE(long time evolution) တို့ပဲဖြစ်ပါတယ်။ 4Gရဲ့ မြန်နှုန်းမြင့် speed က ဒီ အချက်3ချက်ကြောင့်ရရှိတာဖြစ်ပါတယ်။


4G လို့ပြောပေမယ့် သူ့မှာ 2G,3G mobile network chip တွေ လည်းပါဝင်နေဆဲပါ။ ဒါဟာဘာကြောင့်လဲဆိုတော့ 4G က 2G နဲ့ 3G ကို အခြေခံပြီမှဖြစ်ပေါ်လာတာကြောင့် ပါ။ 4Gက အရင် network တွေရဲ့ အခြေခံ အချက်အလက်တွေ အားလုံးကို ရောနှော လိုက်တာဖြစ်စေ advance လုပ်လိုက်တာဖြစ်စေ ဖြစ်ပေါ်လာတာပါ။ သူ့အတွက်သီးသန့် style, သီးသန့် platform ဆိုပြီးမရှိပါဘူး။ အမှန်တော့ သူက လုံးဝပြီးပြည့်စုံသွားတဲ့ 3G network တစ်ခုပါပဲ။


4G ရဲ့ အားသာချက်တွေထဲက တစ်ခုက၊ သူ့မှာဖြစ်ပေါ်လာတဲ့ ပြသနာတွေကို သူ့ဘာသာသူ ဖြေရှင်းချက်ထုတ်သွားတာပါပဲ။ သူက အရင် generation တွေထက် data တွေကို sending, receiving လုပ်တာပိုမြန်တဲ့အပြင်၊ ဒီနေရာမှာ အမှားတစ်စုံတစ်ရာပေါ်လာမယ်ဆိုရင်တောင် လူသားတစ်ယောက်ရဲ့ အကူအညီမလိုပဲနဲ့ သူ့ဘာသာသူဖြေရှင်းနိုင်တဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထား တာပါ။


4G ရဲ့ နည်းပညာတွေက တကယ့်နောက်ဆုံးပေါ်တွေပါပဲ။နောက်ပိုင်းဆို user တွေက 4G support လုပ်တဲ့ device တွေကိုပဲ အသုံးပြုလာကြတော့မှာဆိုတော့၊ business man တွေနဲ့ consumer တွေကြား အကျိူးအမြတ် များစွာကို 4G က ဖော်ဆောင်ပေးသွားမယ်လို့ အားလုံးက မျှော်မှန်းထားကြပါတယ်။ဒါကြောင့် မကြာခင် အချိန်တိုအတွင်းမှာပဲ 4G က နည်းပညာတွေအားလုံး ပေါ်မှာ လွှမ်းမိုးသွားမယ်ဆိုတာ ငြငး်လို့မရတဲ့ သေချာမှုကြီးတစ်ခုလို ဖြစ်နေပါတော့တယ်။ ။


Network ပေါ်ဖြတ်လျှောက်ခြငး်


4G LTE ကို သုံးပြီး ဖုန်းခေါ်မယ် massage ပို့မယ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ


1.Send Massage:

multimedia စနစ် မြင့်သွားပါပြီ။ test အပြင် videoနဲ့ picture တွေပါပို့နိုင်ပါပြီး။


2.Conversion:

analog data တွေ ကို digital data တွေအဖြစcompressed လုပ်ပြီး send သွားတာပါ။


3.data packets:

compressed လုပ်ထားတဲ့ data တွေကို segment တွေ အဖြစ်ဖန်တီးလိုက်တယ်။ ပြီးတော့ addressကို recover လုပ်တယ်။


4.basic station:

LTE radio antenna နဲ့ အနီးဆုံးနေရာမှာရှိလို့ ပျော်မသွားပါနဲ့။ speed က အရမ်းနီးရင် ထင်သလောက် မရလို့ပါ။


Switching centre:

mobile switching centre က packet တွေကို telephone exchange ထဲဖြတ်သန်းစေပါတယ်။

telephone exchange:

နိုင်ငံတကာကို ပို့မယ့် သတင်းတွေကို telephone exchange တွေက စစ်ဆေးလုပ်ဆောင်ပေးသွားမှာပါ။

Telecommunication tower:

ဒီနေရာကနေ setellite ပေါ်ကို ကမာပေါ်က သတင်းတွေ ယူဆောင်သွားပေးမှာပါ။ speed ကတော့ router နဲ့သက်ဆိုင်တာပေါ့။

Satellite station:

အရမ်းဝေးကွာတဲ့ ဆက်သွယ်မှုတွေအတွက်တော့ packets တွေကို setellite ကနေတဆင့် submarine cable တွေကို အသုံးပြုပြီး ဆက်သွယ်နိုင်ပါတယ်။

Back down the line:

satellite (သို့) water cable ကနေ packet တေ ွtransfer လုပ်တဲ့ အခါ sending, receiving case တွေက တစ်ကြိမ်တည်းမှာ ဖြစ်ပေါ်နေတာပါ။

Receiving massage:

massage တွေပြန်လက်ခံမယ့် device က packet တွေကို decompress ပြန်လုပ်ပြီးမှ လက်ခံတာပါ။


4G mobile phone အတွင်းမှာ ဘာတွေပါမလဲ။

Iphone 5 ဖြစ်တဲ့ apple ရဲ့ ဆဌမမြောက် စမက်ဖုန်းမျိုးဆက်မှာ superfast mobile broadband တွေပါဝင်တဲ့ အပြင်၊ သူက LTE network ကိုလညး် support လုပ်ထာပါသေးတယ်။ ဒါအပြင် သူက 3G နဲ့ အခြား network အဟောင်းတွေကိုနဲ့လည်းအဆင်ပြေတာကြောင့် UK လိုနိုင်ငံမျိုးမှာ လူကြိုက် များနေတာပါ။ အင်္ဂလန်မှာဆို EE(everything everywhere) LTE 4G ရရှိနိုင်တာပါ။ iphone 5 ရဲ့ feature တစ်ခုဖြစ်တဲ့ microchip က နောက်ဆုံးပေါ် LTE bandwidth, FM radio frequency နဲ့ Wi-fi တို့ကိုကောငး်စွာ detect လုပ်နိုင်တဲ့ အတွက် လူကြိုက်များနေရတာပါ။


Radio transceiver

ဒီ transceiver က FM radio နဲ့ transmission တွေကိုကောင်စွာဖမ်းယူနိုင်ပါတယ်။

ဒီ Avago dual-band LTE duplexer က iphone 5 အတွက် LTE 4G bandwidth တွေကို ဖမ်းယူပေးပါတယ်။


GSM power amplifier

Skyworks chip က အရင် 2G 3G network တွေ ကို detect လုပ်တဲ့ နေရာမှာသုံးတာပါ။


CDMA power amplifier

အမျိုးမျိုးသော 3G network တွေကို ဖမ်းယူနိုင်ဖို့အထောက်အကူပေးပါတယ်။


UMTS band chip

TriQuint power amplifier နဲ့ duplexer (2way communication device) က 3G bandwidth တွေ ပိုပြီး ရအောင်ကူညီပေးပါတယ်။


Band 13 power amplifier

ဒီ Band 13 Avago chip ကLTE’s bandwidthအနည်းဆုံးရနိုင်တဲ့ ပမာဏအထိ ဆွဲပေးပါတယ်။


Devices တွေကို 4Gက ဘယ်လို မြှင့်တင်ပေးမှာလဲ


Mobile phone ။

4G ဆိုတဲ့ အကြောင်းအရာက mobile ဖုန်းစျေးကွက်ကို တကယ်ပဲရိုက်ခက် နေပါတယ်။ နောက်ပိုင်း smart ဖုန်းတွေမှာ 4G hardware တွေ ပါဝင်မှ smart phone လို့ခေါ်ဆိုနိုင်မယ့် အချိန်တွေဖြစ်လာတေ့ာမှာပါ။

Laptop။

သင့်အိမ်မှာပဲ ဒီ portable bandwidth တွေကို ခံစားကြည့်ချင်တယ်ဆိုရင်တော့ laptop ကို 4Gnetwork ရနိုင်အောင် 4G USB internet dongle တပ်ဆင်ပြီး သုံးကြည့်နိုင်ပါတယ်။

Tablets။

4G ကို support လုပ်တဲ့ tablet တွေ အများကြီးရှိပါတယ်။ samsung ရဲ့ galaxy note 10.1 LTE, google ရဲ့ Nexus 7၊ ipad 4 နဲ့ new ipad တို့ပဲဖြစ်ပါတယ်။

Game console။

portrable game တွေမှာ online game တွေက 4G နဲ့ ကစားဖို့အသင့်တော်ဆုံးပါပဲ။ mobile 4G hotspot က တစ်ချိန်ချိန် မှာ တော့home broadband နေရာမှာ အစားထိုးဝင်ရောက်လာမှာ ဖြစ်ပါတယ်။


4Gရဲ့ အနာဂါတ်က ဘာလဲ ..။2G နဲ့ 3G ကို support လုပ်နိုင်တဲ့ eNodeB ကို မိတ်ဆက်ခဲ့ ပြီးနောက် 2G ရဲ့ performance ကို 4G အထိ မြှင့်တင်နိုင်ခဲ့ပါတယ်။နောက်ထပ် 4G ရဲ့ speed ပိုပြီး မြန်ဆန် လာ ဖို့ အတွက် LTE ကိုပါတီထွင်နိုင်ခဲ့ပါတယ်။ 4G access ကို manage လုပ်ဖို့အတွက် network equipment အသစ်တွေကိုလည်း တီထွင်ခဲ့ပြီး delivery services တွေမှာ အဆင်ပြေစေခဲ့ပါတယ်။ double speed 4G ဆိုတဲ့နေရာမှာ သူ့ရဲ့ 1800MHz spectrum ကိုပါထည့်တွက်ရမှာပါ။ အမြင့်ဆုံး download speed က 80Mbps ဖြစ်ပါတယ်။

4G လေလံပွဲမှာ သင်ဘာကိုဝယ်မှာလဲ။

ကျွန်တော်တို့က 2x5MHz ကို 800MHz နဲ့အနိုင်ယူခဲ့ပြီး 2x35MHz ကို 2.6GHz နဲ့ အောင်မြင်ခဲ့ပါပြီ။ ဒီအောင်မြင်မှုတွေက ကျွန်တော်တို့ရဲ့ ရပ်တည်မှုတွေကို ခိုင်မြဲစေခဲ့ပါတယ်။လောလောဆယ် UK ရဲ့ airwaves တွေက ကျွန်တော်တို့ရဲ့ 36%ကို ပိုင်ဆိုင်ထားပါပြီ။


4G က သာမန် ဖုန်းသုံးစွဲသူ တစ်ယောက်ကို ဘာပြောင်းလဲမှုတွေပေးမှာလဲ

4Gရဲ့ speed ကယခုကျွန်တော်တို့သုံးနေတဲ့ 3G speed ထက် 5ဆပိုုပြီးမြန်ပါတယ်။ကျွန်တော်တို့ရဲ့ double speed 4G က အနည်းဆုံး speed 20Mbps အထိရရှိတဲ့အတွက်ကြောင့်၊ facebook,twitter နဲ့youtubu ပေါ်က video တွေကို လျှင်လျှင်မြန်မြန် downloadလုပ်နိုင်မှာဖြစ်ပြီး video call တွေကိုလည်း ကြည်ကြည်လင်လင်ရရှိစေမှာပါ။


4Gရဲ့ ကာလ ကဘယ်လောက်ကြာရှည်ဦးမှာလဲ။

ကျွန်တော်တို့က အခုဆို ဖုန်းတွေပေါ်က superwave တွေကို ခံစာနိုင်နေပါပြီး။ 4G သီးသန့် support လုပ်တဲ့ device တွေက ကျွန်တော်တို့ကို အကောင်းဆုံး4G network တွေကို အပြည့်အဝ ခံစားနိုင်အောင်ပြုလုပ်ပေးနေပါတယ်။ အခုဆို ကမာကြီးက 4G network တွေနဲ့ အပြည့်လွမ်းမိုး ထားနေပါပြီ။ အချိန်အတိုင်းအတာတစ်ခုအထိ ကမာကြီးကိုစိုးမိုးထားမယ်ဆိုပေမယ့် 5G ပေါ်ထွက်လာ ရင်တော့ သူလည်း ပျောက်ကွယ်သွားမလားပဲ။ 5G ရဲ့ download speed က 1-10GHz အထိရရှိနိုင်ပါမယ်။

Credit

Sayarsan

Comments