ကွန်ပျူတာ တစ်လုံးဝယ်ယူတော့မယ်ဆိုရင်


ပထမဦးဆုံးအနေနဲ့ ကိုယ်ဘယ်လောက်သုံးမှာလည်းအရင်စဉ်းစားပါ။
ပြီးရင် ဒီအချက်တွေနဲ့ ယှဉ်ကြည့်ပါ။
Laptop ဝယ်မယ်ဆိုရင် အရင်ဆုံး (၃) မျိုးခွဲပြီးစဉ်းစားလို့ရပါတယ်။

••••••••••••••••••••••
CPU
ဘာ ပဲဝယ်ဝယ် တတ်နိုင်ရင် Core i3 or Ryzen 3 လောက်က စပြီး ဝယ်စေချင်ပါတယ်။

RAM
ပုံမှန်သုံးဖို့ Laptop တွေကို Company တွေက RAM 4GB ထည့်ပေးလေ့ရှိပါတယ်။ Photoshop သုံးမယ်ဆို နောက်ထပ် 4GB ထပ်စိုက်ပြီး 8GB အနည်းဆုံးသုံးသင့်ပါတယ်

(
Laptop မှာ Ram slot က 2ခုပဲပါတာဖြစ်တဲ့အတွက် နောက်ထပ် Ram ထပ်တိုးချင်ရင် မရတော့ပါ)

HDD
နောက်ပိုင်း Laptop တွေမှာ HDD 1TB ကတော့ ပုံမှန်ပါလေ့ရှိပါတယ်။ SSD ကတော့ တတ်နိုင်ရင် Windows ပိုင်းအတွက်ထည့်သုံးစေချင်ပါတယ်။

(
M.2 slot တွေ 7th gen ကစပြီးပါဝင်လာတာဖြစ်တဲ့ အတွက် M.2 မှာ Windows တင်ပြီး HDD ကို Data သိမ်းလို့ရပါတယ်။ SSD သုံးခြင်းအားဖြင့် battery ကြာကြာလည်းခံသလို software တွေဖွင့်တာ windows တက်တာ ပိတ်တာ data ကူးတာ အရမ်းမြန်ပါတယ်)

Graphic
ကတော့ ရုံးသုံး၊ စာစီစာရိုက်၊ အင်တာနက်သုံး Photoshop အတွက်ဆို မထည့်လည်းရပါတယ်။

(
ဒီအချက်တွေအတိုင်းဝယ်မယ်ဆိုရင် ထပ်တိုးတာတွေမပါပဲ 6 သိန်းဝန်းကျင်ရှိပါတယ်။
ram နဲ့ ssd ထပ်တိုးရင်တော့ ၇သိန်းဝန်းကျင်ရှိနိုင်ပါတယ်)



••••••••••••
CPU
အနိမ့်ဆုံး Core i5 or Ryzen 5 လောက်က စစဉ်းစားပါ.. (
Desktop မှာ Core i3 လောက်နဲ့ သုံးလို့ရနိုင်ပေမယ့် Laptop မှာတော့ Core i5 လောက်ကစသုံးသင့်ပါတလ်)


RAM
အနိမ့်ဆုံး 8GB သုံးရပါမယ်။

(
တတ်နိုင်ရင် Ram 16 GB လောက် သုံးတာ ပိုကောင်းပါတယ်)

HDD
Video Edit လုပ်မယ့်စက်က မဖြစ်မနေ Windows Partition အတွက်ကို SSD သုံးရမှာပါ။

(
အနိမ့်ဆုံး SSD ကို 120GB , တတ်နိုင်ရင် 240GB ဆိုပိုကောင်းပါတယ်။
File Size ကြီးတာတွေကို 1TB HDD လောက်နဲ့ HDD ဖက်မှာ သိမ်းတာ အကောင်းဆုံးပါပဲ)


Graphic
အနိမ့်ဆုံး 2GB မဖြစ်မနေ ပါရပါမယ်။ 4GB ဆိုရင် ပိုကောင်းပါတယ်။

(
Graphic မှာလည်း Generation ရှိတာမို့လို့ မြင့်လေ ကောင်းလေပါပဲ)

Core i5 or Ryzen 5 , Ram 8GB, Graphic 2GB နဲ့ကိုပဲ ၁၀ သိန်းဝန်းကျင်ရှိနိုင်ပါတယ်။
(
ထပ်တိုးမယ်ဆိုရင် တော့ 12 သိန်း ဝန်းကျင်ရှိနိုင်ပါတယ်)


••••••••••••••••
ဒါကတော့ ကိုယ့်အကြိုက်ဖြစ်သွားပါပြီ။ ကိုယ့်ဆော့မယ် Game ရဲ့ Specification ကို အရင် လေ့လာပြီးမှဝယ်တာ ပိုကောင်းပါတယ် . Laptop ထက် Desktop တွေအသားပေးဝယ်ယူသင့်ပါတယ်။
မဖြစ်မနေ Laptop ဝယ်ယူမယ်ဆိုရင်တော့ ရိုးရိုး မြင့်ရင်ပြီးရော ဝယ်တာမျိုးမဟုတ်ပဲ gaming အတွက်သီးသန့် ထုတ်ထားတဲ့ Laptop တွေကို ဝယ်ယူစေချင်ပါတယ်။ ဒါမှသာကိုယ်လိုချင်တာနဲ့ ကွက်တိလောက်ကျမှာပါ။
(
၁၅ သိန်းဝန်းကျင်ကနေစပြီး သိန်း ၂၀ ကျော်ထိ ရှိပါတယ်။ကိုယ်တတ်နိုင်ရင် တတ်နိုင်သလို အဲ့ထက်မြင့်တာတွေအများကြီးရှိပါတယ်)

အဓိကကတော့ Computer တစ်လုံးဝယ်ယူမယ်ဆိုရင် ကိုယ်သုံးမယ့် Software Requirement ကို အရင် ကြည့်ပြီးမှ ဝယ်သင့်ကြောင်းအကြံပေးလိုပါတယ်ခင်ဗျာ။ ဒီ Post မှာတော့ Laptop တွေကို အသားပေးဖော်ပြပေးလိုက်ပါတယ်။
ဒီအကြောင်းအရာက အကျိုးရှိတယ်ဆိုရင် အများမြင်အောင် share ပေးစေလိုပါတယ်ခင်ဗျာ။
•••••••••••••••
ယခုတင်ပြပေးထားသော သင်ခန်းစာသည်
#Myanmar_Pyi_Facebook_Page မှ ပြန်လည် ဖော်ပြပေးထားခြင်း ဖြစ်ပါတလ်...
Comments