Windows မတက်နိုင်တဲ့အခါ Backup လုပ်နည်း

 


ကွန်ပျူတာသုံးလို့ရနေတဲ့အချိန်မှာ Backup လုပ်နည်းကိုတော့လုပ်တတ်ကြမယ်လို့ထင်ပါတယ်။
Control Panel\All Control Panel Items\Backup and Restore (Windows 7) ထဲဝင်သွားပြီး Backup လုပ်လို့ရသလိုBackup လုပ်ထားချင်တဲ့ Data တွေကို ကူးပြီး Drive တစ်ခုမှာ Backupလုပ်ထားနိုင်ပါတယ်။
 
အခုဖော်ပြမယ့်နည်းလမ်းကတော့ အကြောင်းတစ်ခုခုကြောင့် Boot မတက်နိုင်တော့တဲ့အချိန် C:\Users အောက်မှာရှိတဲ့ Data တွေကို Windows ထပ်မတင်ခင် Backup လုပ်နည်းဖြစ်ပါတယ်။ Backup မလုပ်ပဲ Windows အသစ်တင်လိုက်ရင် C:\ အောက်ရှိတာအကုန်ပျက်သွားပါမယ်။ ဒါပေမယ့် Windows 10 တင်မယ့် Partition ကို Delete မလုပ်၊Format မချပဲ Windows10 ထပ်တင်လိုက်ရင်တော့တစ်ချို့ Data တွေက ပျက်မသွားပါဘူး။အသစ်တင်လိုက်တဲ့ Windows ရဲ့C:\ အောက်မှာ Windows.old ဆိုတဲ့ Folder တစ်ခု ရှိနေပြီး Windows အဟောင်းရဲ့တစ်ချို့ Data တွေပြန်ရနိုင်ပါတယ်။ ဒါပေမယ့် Data အကုန်လုံးပြန်ရဖို့၊ သူ့နေရာနဲ့သူ အစီစဉ်တကျ ပြန်ဖြစ်ဖို့တော့ မသေချာပါဘူး။
 
ကွန်ပျူတာက လုံးဝကို Boot မတက်နိုင်တော့ဘူး၊ဖြေရှင်းလို့တဲ့နည်းလမ်းတွေနဲ့ စမ်းကြည့်တာလဲမရတော့ဘူး၊စက်ဖွင့်လိုက်တိုင်း Blue Screen Error ကြီး ခဏခဏတက်လာနေတယ်၊ Sopport မလုပ်တော့တဲ့ Message ပြနေလို့ ရှေ့ဆက်သုံးလို့မရတော့ဘူး၊ Safe Mode နဲ့လည်း အလုပ်မဖြစ်ဘူး၊ ဘယ်လိုနည်းနဲ့မှ Repair, Recovery လုပ်လို့မရတော့ဘူးဆိုရင် Windows ပြန်တင်ရပါမယ်။
 
Windows ခွေကို စက်ထဲထည့်ပြီး ခွေနဲ့ Boot တက်ပါ။ Install ကိုမနှိပ်ပဲ အောက်က Repair Your Computer ကို နှိပ်ဝင်လိုက်ပါ။ Troubleshoot\Advanced Options\Command Prompt ထဲကို ဝင်လိုက်ပါ။ Windows C:\Users အောက်က Users Data တွေကို Backup လုပ်ကူးမှာဖြစ်တဲ့အတွက် Windows OS ရှိတဲ့ အပိုင်းကိုအရင် သိအောင်လုပ်ရမယ်။ ဒီ Cmd Prompt မှာတော့ Windows ရှိတဲ့အပိုင်းက ပုံမှန်သုံးနေသလို C:\ အောက်မှာ ရှိချင်မှ ရှိပါမယ်။ တစ်ခြား Drive Letter တစ်ခုဖြစ်နေတာများပါတယ်။ အဲ့ဒါကြောင့် ဘယ် Drive Letter မှာ Windows ရှိနေသလဲကြည့်ဖို့ Prompt က X:\Sources> မှာ diskpart ကို ရိုက်ထည့်လိုက်ပါ။ Diskpart Prompt ပေါ်လာရင် list volume ကို ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာရှိသမျှ Drive Letter Volume တွေကို တွေ့ရပါမယ်။ Label အောက်မှာ Windows ရှိတဲ့ Volume နံပါတ် Drive ကို မှတ်ထားပါ။
 
နောက်ပြီးတော့ Backup ကို သိမ်းထားဖို့ နေရာလွတ်ကျန်သေးတဲ့ Drive တစ်ခုကိုလည်း မှတ်ထားရမယ်။ ပုံထဲမှာတော့ Windows က Volume 2 မှာ ရှိပြီးတော့ C:\Users\User Name အောက်က Data တွေကို Backup သိမ်းထားဖို့ Volume 3 ကို ရွေးလိုက်ပါမယ်။ Backup မလုပ်ခင် Volume 3 အောက်မှာ Backup Folder တစ်ခုဆောက်ထားပါမယ်။ ဒီအတိုင်း Backup လုပ်လိုက်ရင် ရှိပြီးသား Data တွေနဲ့ ရောပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။ အဲ့ဒါကြောင့် Diskpart ကနေ ထွက်ဖို့ exit ရိုက်ထည့် Enter နှိပ်ထွက်ပါ။ X:\Sources> မှာ Volume 3 Driver Letter E အောက်မှာ Backup Folder ဆောက်ဖို့ X:\Sources>E: ကို ရိုက်ထည့်ပါ။ E:\> လို့ဖြစ်သွားရင် md Backup လို့ရိုက်ထည့်လိုက်ပါ။ E:\> အောက်မှာ Backup ဆိုတဲ့ Folder တစ်ခုဆောက်ပြီးသွားပါပြီ။
 
Backup လုပ်ကူးယူလိုတဲ့ Path လမ်းကြောင်းကို ညွန်ပေးရပါမယ်။ အခုရောက်နေတဲ့ Drive က E:\> ကနေ ကူးချင်ရင်လည်း ရသလို X:\Sources> အောက်ကို ပြန်သွားပြီး ကူးချင်ရင်လည်း ရပါတယ်။ E:\> ကနေ ကူးယူတာပဲ ပြပါမယ်။ ပုံမှာပြထားသလို Windows က Volume 2 Drive C မှာ ရှိနေပါတယ်။ Backup လုပ်ချင်တဲ့ Data တွေက C:\Users\User Name အောက်က Desktop,Documents,Downloads စတာတွေကို ကူးမယ်ဆိုပါစို့။ အောက်ပါ Command အတိုင်းရိုက်ထည့်ပါ။
 
E:\>Copy C:\Users\User Name\Desktop E:\Backup
E:\>Copy C:\Users\User Name E:\Backup
 
User Name နေရာမှာ ပုံမှန်သုံးနေတဲ့ User Account Name ကို ထည့်ပါ။ Desktop မှာ ရှိသမျှ ဖိုင် Data တွေ E:\Backup အောက်ကို ကူးလိုက်တာပါ။ ဖိုဒါတစ်ခုချင်းကူးချင်ရင် Desktop နေရာမှာ Documents တို့ကို အစားထိုးပါ။ဒုတိယတစ်ကြောင်းက ပုံမှန်သုံးနေတဲ့ User Account တစ်ခုလုံးကို ကူးတာပါ။ တစ်ခါ အစမကျန်အောင် Cut လုပ်၊ Move လုပ်ချင်တယ်ဆိုရင် E:\Move C:\Users\User Name E:\Backup ကို ရိုက်ထည့်လိုက်ပါ။
 
Backup လုပ်၊ Copy ကူး၊ Move လုပ်တာအောင်မြင်ရင် အောက်မှာ ဘယ်နှစ်ဖိုင် ကူးပြီးသွားပြီဆိုတာ ပြပါလိမ့်မယ်။ E:\Backup မှာ Data တွေ ရောက် မရောက် စစ်ကြည့်ဖို့ E:\>cd backup လို့ရိုက်ထည့်ပါ။ E:\Backup> ဖြစ်သွားရင် dir ကို ရိုက်ထည့်ပါ။ E:\Backup>dir Data တွေ Backup လုပ်ပြီးသွားရင် Windows အသစ်တင်နိုင်ပါပြီ။
 
NetComplus

Comments