ကွန်ပျူတာဝယ်မည်ဆိုရင်စဉ်းစားပါ
ကွန်ပျူတာတွေတော်တော်များများဟာ စက်ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့သည်
လိုအပ်သည်ထက်ပို၍ခိုင်းစေလို့မရပါဘူးဗျ၊ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွေ့ကြုံအရ လူတော်တော်များများ
ကဝယ်တုန်းကတော့ စာစီစာရိုက်လောက်ပဲသုံးမှာ ဒါဆိုအဆင်ပြေပါပြီ ဆိုပြီးတော့ ရိုးရိုး အနိမ့်ပိုင်း (pentium)ထဲကဝယ် လိုက်ကျတယ် အဲ့မှာထိ ပြဿနာမရှိသေးဘူး.။
နောက်ကျတော့လုပ်ငန်းတွေလုပ်ရင်းပဲ ကိုယ်က တစ်ခြားအပိုင်းတွေ လေ့လာချင်
လာတယ် ဓာတ်ပုံဒီဇိုင်းတွေ၊ ဗီဒီယိုတည်းဖြတ်တာတွေစသည်ဖြင့်အများကြီးပေါ့ အဲ့မှာစပြီး ပြဿနာ
ရှိလာတယ်၊ ငါ့မှာကွန်ပျူတာရှိနေတာပဲ လုပ်မှာပေါ့ဆိုပြီး.. ဒါတွေက ကိုယ့်ဝယ်ထားတဲ့စက်နဲ့နိုင်ပါ့မလား
ငါဒါကိုသာငါ့စက်မှာလုပ်လိုက်ရင်အဆင်ပြေနိုင်မလားဆိုတာတွေ မစဉ်းစားကျတော့ဘူး၊ အဲ့တော့ မနိုင်တာတွေ စက်နဲ့ အဆင်ပြေပြေမလုပ်ဆောင်တာတွေ လုပ်တော့ စက်က လေးလာလာမယ်မဖြစ်သင့်တဲ့ error တွေ ခနခန ဆိုသလို ဖြစ်လာမယ်.. ကိုယ်စက်က ထက်ပြီး Upgrade လုပ်လို့ရနိင်ရင်တော်သေးတာပေါ့ တကယ်လို့မရတော့ဘူးဆိုရင်တော့ သွားပြီ ကျွန်တော်တို့လေ့လာချင်တာတွေကို ဒီစက်နဲ့ လက်တွေ့အသုံးချဖို့ မရနိုင်တော့ဘူး၊ ရခဲ့လျှင်တောင်မှ စက်က မနိုင်မနင်းတွေ လုပ်နေရတဲ့အတွက် စက်ရဲ့ သက်တမ်းဟာ အချိန်တို တိုနဲ့ အရမ်းဆိုးရွားသွားလိမ့်မယ်............
အဲ့တော့ ကျွန်တော်ပေးချင်တဲ့ Message လေးက ကွန်ပျူတာဝယ်တော့မယ်ဆိုရင် သေသေချာချာ ရွေးချယ်ပါ
နောက်ပိုင်း လုပ်ငန်းတွေအတွက် ရေရှည်ကိုကြည့်ပြီး ကိုယ့်လုပ်ငန်းအတွက် အဆင်ပြေတာကို
ရွေးချယ်ပါ။ ပိုက်ဆံနဲနဲနဲ့ ဒီလုပ်ငန်းအတွက်ပဲဆိုလျှင်တော့ ဒီတစ်ခုအတွက်ပဲ Target ထားပြီး အသုံးချပါ.
IT ပစ္စည်းတော်တော်များများဟာ ဒီနေ့ဝယ်နောက်နေ့ Endate ဖြစ်သွားတာတွေချည်းပဲဆိုတာကို သတိပြုပါ.
အကောင်းဆုံးရွေးချယ်မှုက ကိုယ်ဝယ်လိုက်တဲ့စက်က ထပ်တိုးပြီး Upgrade လုပ်လို့ရနေမယ်ဆို
Generation နိမ့်ပေမယ့် ကိုယ်လေ့လာချင်တဲ့ အရာကို ချောချောမွှေ့မွှေ့နဲ့ လေ့လာခြင်း လက်တွေ့အသုံးချ ခြင်းတွေကိုလုပ်နိုင်မှာဖြစ်ပါတယ်....
အားလုံးကျေးဇူးတင်ပါတယ်.
ကျွန်တော်ကိုယ်တိုင်အတွေ့ကြုံလေးတွေကို
မျှဝေရေးသားပေးခြင်းဖြစ်ပါတယ်.......
AUNG THU HEIN
DEC-15-2020
Comments