“ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ”
“ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ”
-----------------------
မေး - အစ်ကို ကျွန်တော့်ဖုန်းက iOS ပါ။ Android ဖုန်းနဲ့ Zapya ချိတ်ပုံချိတ်နည်းလေးသိချင်လို့ပါခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ပါ။ iOS နဲ့ Android OS Zapya ချိတ်ဆက်တော့မယ်ဆိုရင် Android ဖုန်းကနေ Zapya ကို ဖွင့်ပြီး Create လုပ်ပါ။ ပြီးနောက် iOS ဖုန်းမှ WiFi ကိုဖွင့်ပြီး Android ဖုန်းမှ Zapya WiFi Hotspot ကိုချိတ်ပါ။ ပြီးလျှင် iOS မှ Zapya ကိုဖွင့်ပါ။ iOS နဲ့ Android OS Zapya ချိတ်သွားပါလိမ့်မည်။
မေး - ကျွန်တော်က Service သမားတစ်ယောက်ပါ။ Honor H30-U10 ဖုန်းကို Global နဲ့ China Firmware မှားတင်လိုက်တာ IMEI ပျောက်ပြီး လိုင်းမတက်ဘူးဖြစ်သွားပါတယ်။ IMEI ဘယ်လိုမျိုးပြန်ရေးရမလဲခင်ဗျာ။
ဖြေ - အရင်ဦးစွာ ဖုန်းကို Root ဖောက်လိုက်ပါ။ ပြီးနောက် MTK Droidtool Software ကို MTK Droidtool ကို ဖွင့်ပါ။ MTK Droidtool မှ Root Shell ရယူပါ။ MTK Droidtool မှ IMEI Button ကိုနှိပ်ပါ။ IMEI နံပါတ်ရိုက်ထည့်ရန် Box ပေါ်လာရင် Box ထဲတွင် IMEI နံပါတ်ရိုက်ထည့်ပြီး Replace ကိုနှိပ်ပါ။ ဖုန်းကို Reboot ချလိုက်ပါ။ IMEI ပြန်တက်လာပါလိမ့်မည်။
မေး - iPhone 5s မှာ Apple Store ကို အသုံးပြုပြီး App တစ်ခုကို Install လုပ်လိုက်တဲ့အခါမှာ Fix Application Notcompatiable ဆိုတဲ့ Error ပဲပြနေတယ်။ ရှေ့ဆက်သုံးလို့လည်းမရဘူး။ ဘာဖြစ်လို့လဲ အစ်ကို။
ဖြေ - Install လုပ်မယ့် App က Install လုပ်ဖို့ Supporting လုပ်တဲ့ iOS Version နဲ့ ဖုန်းမှာအသုံးပြုတဲ့ iOS Version မကိုက်လို့ပါ။ Supporting လုပ်တဲ့ Version နဲ့မကိုက်ရင် မိမိအသုံးပြုနေသော iOS Version ကို Update လုပ်ပေးလိုက်ပါ။
မေး - iOS Version 10.2 ကို သီချင်းဖိုင်၊ ဗီဒီယိုဖိုင်တွေကို ဘယ် Tool နဲ့ ထည့်ရင် အဆင်ပြေပါသလဲ။
ဖြေ - Butool Software နဲ့ထည့်ရင် ပိုပြီးအဆင်ပြေပါလိမ့်မည်။ ဖုန်းနဲ့ Butool Software ချိတ်ဆက်သွားရင် iTune ကိုပိတ်ပါ။ Computer တွင် Internet ချိတ်ဆက်ထားမှ အဆင်ပြေတာများပါသည်။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei G610 C00 ပါဗျ။ ကျွန်တော့်ဖုန်းရေထဲကျပြီး ဖုန်းတစ်ဝက်ပဲပေါ် လို့ပါ။ ဘာလိုလုပ်ရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ ရေဝင်ရင် LCD ပျက်တာများပါတယ်ဗျာ။ LCD အသစ်လဲကြည့်ပါလားဗျာ။ ရသွားတဲ့ ဖုန်းများပါတယ်။ တစ်ချို့ဖုန်းကတော့ LCD Socket လဲမှ ရတတ်ပါတယ်ဗျာ။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဖုန်းအားသွင်းရင်လည်း အားဝင်တာမြန်ပြီး သုံးရင်လည်း အားကုန်တာမြန် နေတယ်ဗျ။ ပြီးတော့လည်း ဖုန်းကသူ့အလိုလို Logo လည်လာလိုက်၊ Shutdown ပြန်ကျလိုက်နဲ့ဖြစ်နေလို့ဗျ။
ဖြေ - ဟုတ်ကဲ့ဗျ။ အဲ့ဒီ Error က Sleep Mode ဖြစ်နေတာပါခင်ဗျာ။ အစ်ကို့ဖုန်းမှာ ရေဝင်ပြီး Wi-Fi IC Shock ကျနေလို့ ဖြစ်ပါလိမ့်မယ်ခင်ဗျာ။ အဓိကကတော့ အစ်ကို့ဖုန်းမှာ Wi-Fi IC မကောင်းလို့ ဒါမှမဟုတ် Shock ကျနေလို့ အဲ့ဒီပုံစံဖြစ်နေတာပါခင်ဗျာ။
မေး - အစ်ကို ကျွန်တော့်ဖုန်းလေး Internal Storage ပြည့်နေလို့ Low On Space ပြနေလို့ အဲ့ဒါ Low On Space ပျောက်အောင် ဘယ်လိုလုပ်ရမလဲ ခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ Internal Storage ပြည့်နေလို့ Low On Space ပြနေရင် မိမိဖုန်းထဲက Setting ထဲကိုဝင်ပါ။ ပြီးလျှင် Application Manager ထဲက Application တွေကို Move to SD Card ကိုနှိပ်ပြီး SD Card ထဲရွေ့ပါ။ ပြီးလျှင် File Manager ထဲဝင်ပါ။ Internal ထဲမှာရှိတဲ့ Data များတဲ့ ဖိုင်တွေ၊ Folder တွေကို Internal ထဲမှ Cut လုပ်ပြီး External SD Card ထဲကို Paste လုပ်ပါ။ ပြီးလျှင်ဖုန်းကို Restart ချပါ။ အဆင်ပြေပါစေ။
မေး - Huawei ဖုန်းတွေရဲ့ Setting ထဲက Add Account ထဲမှာ Google Service မပါလို့ပါ။ Google Service ထည့်လို့ရပါသလား။
ဖြေ - ဟုတ်ကဲ့ပါ။ Google Service ကို အသုံးပြုမယ်ဆိုရင် ပထမဦးဆုံး မိမိဖုန်းမှာ Root ရှိရပါမယ်။ ပြီးရင် Google Service.apk ဆိုတဲ့ Softwareကို SD Card ထဲ Copy ကူးထည့်ပါ။ ပြီးရင် ဖုန်းကို Recovery Mode ခေါ်ပြီး Apply Update From SD Card ကိုနှိပ်ပြီး Install လုပ်ပေးလိုက်ရင် Setting ထဲက Add Account ထဲမှာ Google Service ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
Comments