စီးပွားရေးသမား
စီးပွားရေးသမား
*****************
ရေးသူ-အရိုး
ဘိဇနက်ဆိုတာ ဒီခေတ်မှာ မန်းနေ့ချ်လုပ်ဖို့လိုတယ်ဆိုတာ ဟုတ် တာပေါ့။
ကိုယ်တွေ၊ သူတွေဆိုတာက အယုတ္တ၊ အနတ္တခေတ်မှာ မွေးပြီး ကြီးလာတာဆိုတော့ ဘိဇနက်ဆိုတာလည်း ဘာမှန်းမသိ၊ မန်းနေ့ချ်မန့်ဆိုတာလည်း ဘာမှန်းမသိခဲ့ရ။
ကိုယ်တွေ ကြုံခဲ့ရတဲ့ ခေတ်က ဘိဇနက်ကောင်းကောင်းလုပ်လို့ ကိုယ့်လူကြီးတွေရမှမရခဲ့ တာရယ်။
ကိုယ့်ဟာကိုယ်ကြိုးစားလို့ ကြီးပွားလာပြီး ကြီးထွားလာရင် ပြည်သူပိုင်အသိမ်းခံရတဲ့ခေတ်ကိုး။
မန်းနေ့ချ်မန့်ဆိုတာကလည်း အဲဒီခေတ်က ကိုယ့်မိသားစုကိုယ်တောင် မန်းနေ့ချ်လုပ်လို့ရတာမှ မဟုတ်တာ။
စားတာ၊ သောက်တာ၊ နေတာ၊ ထိုင်တာ၊ သုံးတာ၊ စွဲတာ၊ ဝတ်တာ၊ ဆင်တာကအစ သမဆိုင်တွေက စာအုပ်စုတ်တစ်အုပ်ထုတ်
ပေးထားပြီး ဒါစား၊ ဒါဝတ်၊ ဒီလိုနေဆိုတာနဲ့ မန်းနေ့ချ်အလုပ်ခံခဲ့ ကြရတာကလား။
အဲဒီတော့ အဲဒီခေတ်မှာမွေးလာတဲ့ကိုယ်တွေကို လူကြီးတွေက ဘိဇနက်တွေ၊
မန်းနေ့ချ်မန့်တွေ သင်ပြပြောပြမနေ တော့ဘူး။ ကျောင်းတက်ပညာသင်၊ အချိန်တန် အစိုးရဝန်ထမ်း တစ်ခုခုဝင်လုပ် ဒါပဲ။
ထမင်းမငတ်အေးရော အတွေးအခေါ်မျိုးလေ။ အဲဒီခေတ်က အစိုးရပေါ်လစီကလည်း ပြည်သူပြည်သားများ အချိန်တန် အစိုးရကျွန်ဖြစ်အေးရော ပေါ်လစီကိုး။
ဆိုရှယ်လစ် နာမည်ကောင်းတပ်ထားတဲ့ ကွန်မြူနစ်အာဏာရှင်စနစ်ပေါ့။
ဆိုရှယ် လစ်သာပြောတယ်။ တစ်ရာမှာ ၈၀ လောက်လိုနေတဲ့ ၈၀ လို ခေတ်။ လူတွေက ၂၀ လောက် ရှိစုမဲ့စုနဲ့နေနေရတဲ့ခေတ်။
အဲဒီတော့ ဘိဇနက် တွေ၊ မန်းနေ့ချ်မန့်တွေ စိတ်မဝင်စားအားဘူး။ သွားစိတ်ဝင်စားရင် လည်း အဖမ်းခံရတာကိုး။
ဒီတော့ ကိုယ်တွေမှာလည်း သနားစရာ ကောင်းတဲ့ ကိုယ့်လူကြီးတွေအလိုကျ ကျောင်းတက်၊ စာသင်၊ အချိန် တန် ဆရာဝန်၊ အင်ဂျင်နီယာ၊
သင်္ဘောသားတစ်ခုခုဖြစ် နိပ်ဟဆိုပြီး ကြီးလာတာ။ အရွယ်လည်းရောက်ရော ရှောက်ကျိုးနည်းရော။ တခြား ဟုတ်ရိုးလား။
ကိုယ်တွေလည်း အရွယ်ရောက်ရော မပြောမဆို ဆိုရှယ် လစ်ကြီး (စနစ်စုတ်ကြီးကို ပြောပါတယ်) မာလက ထကုပ်တာကိုးဗျာ။ အဲဒီမှာ ကိုယ်တွေ ကမ္ဘာပြားတာပဲ။
နိုင်ငံစနစ်ပြောင်းသွားတော့ ကိုယ်တွေမှာ ဘုမသိဘမသိ။ တစ်သက်လုံး မျက်စိပိတ်နားပိတ်ခံထားခဲ့ရတော့ ဘာလုပ်လို့လုပ်ရ မှန်းလည်းမသိ။
အရင်က မှိုင်းသွင်းခံထားရတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ၊ တိုးတက်လှပြီမှတ်နေတာ။
အမှန်က ပက်ပ်စီနဲ့ ကိုကာ ကိုလာတောင် အရည်လား၊ အဖတ်လား သိခဲ့ရတာမှမဟုတ်တာ။
နည်းနည်းလည်းပွင့်သွားရော သူများတိုင်းပြည်တွေ ဘာတွေဖြစ်နေ ကြကုန်ပြီဆိုတာတွေ့တော့ ကိုယ်တွေမှာ ပြူးတူးပြဲတဲ။
ဟိုဟာတွေ ဖြစ်နေကြပြီဆိုလည်း ဟယ်ခနဲ။ ဒီဟာတွေဖြစ်ကုန်ကြပြီဆိုလည်း ဟာခနဲ။
အဆိုးဆုံးက ဦးနှောက်နဲ့ အသိပညာဖွံ့ဖြိုးတိုးတက်မှု အကျိုးနည်း နောက်ကျနေတာ။ ကိုယ်တွေ ရွယ်တူတွေ အကုန်လုံး အူယားဖားယား။
နေရာတကာမှာ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်ဖို့ ဒရောသောပါးလိုက်ကြရတာ။
လဲတဲ့လူကလဲ၊ ကွဲတဲ့လူကကွဲ။ ခေတ်ကိုလိုက်မီတဲ့လူမီ၊ မမီတဲ့လူ တလိမ့်ခေါက်ကွေးဖြစ်လိုဖြစ်။ ဘယ့်နှယ်။
ကမ္ဘာမှာက ဝန်ထမ်းသာလုပ်စား ထမင်းမငတ်ဘူးဆိုတဲ့ ဒဿနကြီးက ဟုတ်မှမဟုတ်တဲ့ဟာ။
ကိုယ့်အရည်အချင်းပေါ်မူတည် ပြီး ဘောဂသူဌေးကြီးဘွဲ့ခံနိုင်တဲ့အထိတောင် ကြိုးစားအားထုတ် လို့ရတဲ့ 'ဘိဇနက်' ဆိုတဲ့ ကိစ္စမျိုးကြီးရှိနေသေးတာကိုးလားဗျာရယ်။
ကိုင်း...ဟုတ်ကပြီ။ ဘာလဲဟ စီးပွားရေး။
ကိုယ်တွေမှာ ဘယ်လောက်တောင် ဒုက္ခအပေးခံထားရ သလဲဆိုတော့ ငယ်ငယ်ကတည်းက 'စီးပွားရေးသမား' ဟေ့ဆိုလို့ ရှိရင်
မကောင်းတဲ့လူတွေလို့ချည်းကိုထင်လာတာ တောက်လျောက်။ အဟုတ်ပြောတာ။
ကိုယ်တွေကို အုပ်ထိန်းတဲ့နိုင်ငံ့ဝန်ထမ်းကောင်း လူကြီးတွေ အချင်းချင်းတွေ့ကြရင် သူတို့စကားစပ်မိတဲ့ တခြား တစ်ယောက်ယောက်ကို ဒီလူ အလကားလူပါဗျာ။
စီးပွားရေးသမား ပါလို့ရှုံ့မဲ့ရှုံ့မဲ့ပြောပြောနေတတ်ကြတော့ စီးပွားရေးသမားဆိုတာ
မဟုတ်ကဟုတ်ကလုပ်နေတဲ့ ငမိုက်သား၊ ငလည်၊ ငရှုပ်၊ ငရဲလားမယ့် ငနဲအစားတွေလို့ အဟုတ်ကိုမှတ်ထားတာကိုး။
ကိုယ်တွေမှာ တစ်ခါ လည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ ကိုယ့်အုပ်ထိန်းသူလူကြီးတွေက စီးပွားရေးသမားဆို
လူ့ကလိမ်ကကျစ်တွေလို၊ နေ့လား၊ ညလား မဟုတ်တာလုပ်လို့ ထောင်ထဲတစ်ခါတည်းတန်းကျတော့မယ့်လူ တွေလို၊
ဘာသာတရားအရ မပေါင်းမသင်းအပ်တဲ့ ဗာလနံတွေ၊ အယုတ်အကန်းတွေလိုလိုပြောပြောနေတတ်ကြတော့ ကိုယ်တွေ လည်း အဲလိုပဲမှတ်ထားတာပေါ့။
အကြောက်တရားနဲ့ တစ်မျိုး၊ ၀ါဒအစုတ်အပဲ့တွေနဲ့တစ်မျိုး မှိုင်းအသွင်းခံထားရတဲ့ သနား စရာကိုယ်တွေရဲ့
အုပ်ထိန်းသူလူကြီးတွေ (နိုင်ငံ့ဝန်ထမ်း ကောင်းကြီးတွေ) ခမျာ စီးပွားရေးသမားဆိုတာ မအပ်မစပ် မတော်တရော်လူစားတွေလို့ပဲ ထင်ခဲ့ကြရှာတာကိုး။
အဲဒီတော့ ကိုယ်တွေကလည်း ကြားရဖန်များတော့ နားရည်တွေဝပြီး ဘဝ အဆက်ဆက် စီးပွားရေးသမားမဖြစ်လို၊
ဝန်ထမ်းကောင်းသာ ဖြစ်လိုပါ၏တွေ ဘာတွေ ရွှေတိဂုံဘုရားပေါ်၊ ဆူးလေဘုရားပေါ်၊ ဗိုလ်တထောင်ဘုရားပေါ်၊ ကျိုက္ကလို့၊
ကျိုက္ကလဲ့ပေါ်တွေမှာ တောင်းဆုတွေ ဘာတွေခြွေကုန်ကြလို့။ ဘာဟုတ်လိမ့်မတုံး ဆိုရှယ်လစ်သေမှသိတာ။
ကျွန်စိတ်သွင်းပေးထားခဲ့တာများ အတော် ကြောက်စရာကောင်းတာ ဒင်းသေမှသိတယ်။
စီးပွားရေးသမား ဆိုတာ သူ့ဟာသူ သူ့ထမင်းသူရှာစားနေတဲ့ သူလိုငါလို ကိုယ်တွေလို လူတွေပဲဥစ္စာ။
ဘယ်လူ့အသိုင်းအဝိုင်းမှာမဆို တွေ့ရတတ်သလိုမျိုး ပဲ။ ကောင်းတဲ့လူလည်းရှိတယ်။ မကောင်းတဲ့လူလည်းရှိတယ်။
တခြား ဟာတွေဖယ်ထားပြီး တစ်ခုသွားတွေ့တာက စီးပွားရေးသမားဟာ ဘာမှမရေရာ မသေချာပေမဲ့ လွတ်လပ်တာကိုးလားဗျာ။
ဝန်ထမ်း တွေလို ကိုယ့်ကိုယ်ကိုယ်မပိုင်ဘဲ အထက်ကကျလာတဲ့ ñွှန်ကြားချက် အတိုင်း လိုက်လုပ်နေရတာမျိုးမဟုတ်ဘူး။
ကိုယ့်အလုပ် ကိုယ့် ဟာကိုယ် သေချာစဉ်းစားလုပ်။ ကိုယ်မှားကိုယ်ခံ။ ကိုယ်မှန်ကိုယ်ခံ။
ကိုယ့်တွက်ကိန်းမှန် ကိုယ်ဆရာဖြစ်၊ ကိုယ့်တွက်ကိန်းမှား ကိုယ့် ဟာကိုယ်ခွေးဖြစ်။ ရင်းရဲလား မရင်းရဲဘူးလား။
မြတ်ရဲလား ရှုံးရဲလား။ ကိုယ့်ဘဝ ကိုယ်ပိုင်တယ်။ နေ့စဉ် ၂၄ နာရီကိုယ့်အချိန်တွေ ကိုယ် ပိုင်တယ်။
နေ့တိုင်း ကိုယ့်ဘဝရဲ့ ၂၄ နာရီတွေကို သူများလာကြိုး တုပ်ထားတဲ့ ရုံးတက်ရုံးဆင်းချိန်တွေနဲ့ ဘောင်အခတ်ခံမထားရဘူး။
တစ်ခုတော့ရှိတယ်။ ပုံမှန်စားဝတ်နေရေးအတွက် အာမခံချက်တော့ မရှိဘူး။ အဲဒီမှာ ကိုယ်တွေစဉ်းစားပြီ။
စီးပွားရေးသမားအနေနဲ့ ကိုယ့် အလုပ်ကိုယ်လုပ်မလား။ ဝန်ထမ်းအနေနဲ့ သူများအလုပ် သွားလုပ် ပေးမလား။
ကိုယ်တွေက အရွယ်ရောက်စ။ ရှေ့မှာ အနာဂတ်တွေ အများကြီးမျော်လင့်ချင်စရာရယ်။
ဘာကိစ္စသူများအလုပ်ကို သွား လုပ်နေရမှာတုံး။ ကိုယ့်စီးပွားရေး ကိုယ်လုပ်မယ်။ ဝန်ထမ်းသွား လုပ်လည်း အချိန်မရွေး အလုပ်ပြုတ်နိုင်တာပဲ။
မရည်ရွယ်ဘဲ ဒုက္ခ ရောက်နိုင်တာချင်းက အတူတူပဲဥစ္စာ။ ကိုယ့်စီးပွားရေး ကိုယ်လုပ်တာ ကမှ ကိုယ့်အချိန် ကိုယ်ပိုင်သေး။ ချကွာ။
ကိုယ်တွေကို အုပ်ထိန်းသူ နိုင်င့ံဝန်ထမ်းကောင်း အဟောင်းကြီးတွေကတော့ သိပ်ဘဝင်မကျ ကြဘူးပေါ့။
တကယ်တော့ ကိုယ်တွေက စီးပွားရေးသာလုပ်ချင် တာ။ တခြားနိုင်ငံတွေက ကိုယ်တွေရွယ်တူတွေနဲ့ယှဉ်ဖို့ကျ တော့ လိုသေးတယ်လေ။
ဦးနှောက်ကို ပလတ်စတစ်အိတ် အပိတ်ခံရပြီး ကြီးလာရတဲ့ကိုယ်တွေနဲ့၊ အသက်ဝဝရှုခွင့်ရခဲ့တဲ့ ဦးနှောက်တွေနဲ့ ဘယ်တူပါ့မလဲ။
ဘယ်နေရာမှာ သွားကွာလဲ ဆိုတော့ စီမံခန့်ခွဲမှု၊ စနစ်ကျနမှု၊ ရေရှည်အမြော်အမြင်ရှိမှု တွေ။ တတ်နိုင်ဘူးလေ။
ကိုယ်တွေလည်း အလောတကြီး မီ အောင်လိုက်ရမှာပဲ။ လုပ်ရမှာပဲ။ ချရမှာပဲ။ တတ်အောင်လိုက် သင်ရမှာပဲ။
ဖြစ်တာလည်းရှိမယ်။ မဖြစ်တာလည်းရှိမယ်။ ဘာပဲ ဖြစ်ဖြစ် မလုပ်မရှုပ်မပြုတ်ဘဝမျိုးနဲ့တော့ ကိုယ့်ကိုယ်ကိုယ် အတုံးမှ မခံနိုင်တဲ့ဥစ္စာ။ ခေတ်ကတော့...အင်း။
တစ်နေ့ကတော့ ပြန်ကြားရတယ်။ ကျောင်းမှာ ကိုယ်တွေ ကလေးတွေက သူတို့ချင်းမေးကြတယ်တဲ့။ မင်းတို့အဖေ ဘာလုပ်လဲ ပေါ့။
ဘယ်မှာတာဝန်ထမ်းကွ၊ ဘာရာထူးကြီးကွဆိုရင် သိပ်မခန့်ချင် ဘူးတဲ့။ ကိုယ်တွေကလေးတွေကတော့ ခပ်ပြတ်ပြတ်ဖြေတယ်။
တို့ အဖေက စီးပွားရေးသမားတဲ့။ သဘောကျကြတယ်တဲ့။ ဟုတ် သော်ရှိ၊ မဟုတ်သော်ရှိ တစ်ချိန်ချိန်သူဌေးဖြစ်လာနိုင်လို့တဲ့။
ကိုယ်တွေမှာ တော့ အရာအားလုံးက ဘိဇနက်ဖြစ်နေပါပြီ။ တကယ်တမ်းပြော ရင်တော့ လက်လှမ်းမီသမျ တောင်းစားနေရတာပါ။
အထင်တော့ မသေးပါနဲ့။ လုပ်ငန်းတွေ၊ ပရောဂျက်တွေ တောင်းစားနေတာပါ။ နိုင်ငံတကာကလေ။ တစ်ခေတ်တစ်ခါရဲ့ ဆိုးမွေတွေပေါ့။
ကိုယ် တွေကတော့ အပြစ်မပြောတော့ပါဘူး။ ဒါကြောင့်ပြောတာ...
ဘိဇနက်ဆိုတာ ဒီခေတ်မှာ မန်းနေ့ချ်လုပ်ဖို့ သိပ်လိုတယ် ဆိုတာဟုတ်တာပေါ့။
(Myanmar B2B Management Magazine)
သရုပ်ဖော်-သစ်ထွဏ်း
— with Soe Lin Oo.
Naing Htake Thank you very much. ဒီစကားတွေကိုပြောတဲ့
ဒီလို အမြင်ရှိတဲ့လူတွေကို မိတ်ဖွဲ့ချင်ပါတယ်၊၊
ဒီစကားတွေကိုအပြင်မှာ ကျွန်တော်ပြောတော့ လက်ခံတဲ့သူ မရှိသလောက်ပါပဲ၊၊ တစ်ခါတစ်လေ
ကိုယ့်ကိုကိုယ်တောင် ယုံကြည်မှုမရှိဘူး
ဖြစ်လာတယ်၊၊ ကိုယ်ပြောတဲ့စကားက တကယ်
ယုတ်တိလည်းမရှိ၊ အသုံးမဝင်ဘူးလားပေါ့၊၊ ဒါပေမဲ့
ဘယ်အခါမှစိတ်ဓာတ်မကျခဲ့ဘူး၊၊ ဘာဖြစ်လို့လဲ ဆိုတော့
ကျွန်တော်ဖတ်တဲ့စာအုပ်တွေနှင့် ကျွန်တော့အတွေးက တထပ်တည်းကျနေတယ်၊၊ ကျွန်တော်ကြိုက်တဲ့စာအုပ်တွေက
စက်၏လူသား(Honda)၊ လမ်းတိုင်းကိုရွှေခင်းထားတယ်(Daewoo).၊
Babylon မှာအချမ်းသာဆုံးပုဂ္ဂိုလ်၊
Steve Job (Apple).
The HP Way.
The essential DRUCKER.
Rich Dad's Rich Kid Smart Kid.
Rich Dad Poor Dad.
etc.
စီးပွာရေးသမားကို အထင်သေးတာက ကျွန်တော်တို့တစ်နိုင်ငံတည်း မဟုတ်ပါဘူး
ကိုးရီးယား မှာလည်း အရင်တုံးက ရှိခဲ့ပါတယ်၊၊
အခုတော့ မရှိတော့ဘူး၊၊ ဒါက ခေတ်နောက်ကျတဲ့
နိုင်ငံတိုင်းမှာ ရှိမယ်လို့ထင်ပါတယ်၊၊
အဲဒါကို ကျွန်တော် အပြင်မှာ ဘယ်လိုမြင်တွေ့လည်းဆိုတော့
များသောအားဖြင့်ပါ နောက် ကွယ်ကသာ မ
ကောင်းပြောရင်ပြောမယ်၊ ရှေ့မှာတော့ နေရာပေးကြတာပဲ
အရာရှိကြီးတွေတော့ပါချင်မှပါမှာပေါ့၊၊
ချမ်းသာတဲ့သူက ချမ်းသာတဲ့အတွေးကိုတွေးတယ်
ဆင်းရဲတဲ့သူက ဆင်းရဲတဲ့အတွေးကိုတွေးတယ် ဆိုတာကို သဘောကျတယ်၊၊ Buddhist quote
မှာလည်း WHAT YOU THINK, YOU BECOME. ဆိုတာပါတယ်၊၊
ဆင်းရဲတဲ့သူက ချမ်းသာချင်ရင် အခုလုပ်နေတဲ့အလုပ်၊ ကိုယ်ရဲ့အတွေးအခေါ်တွေပေါ်မှာသုံးသပ်ဝေဖန် ရမယ်လို့
ထင်မြင်မိပါတယ်၊၊
Thank for read .
Comments