ဖုန်းတစ်လုံးတွင် power ic အလုပ်လုပ်ပုံနှင့် ပြစ်ချက်ရှာဖွေပုံ
ဖုန်းတစ်လုံးတွင် power ic အလုပ်လုပ်ပုံနှင့် ပြစ်ချက်ရှာဖွေပုံတို့ကို
လေ့လာနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ service သမားတွေအတွက်တော့
တန်ဖိုးရှိပြီး သိလည်းသိထားသင့်ပါတယ်။
(1)
battery ကပေးသွင်းထားတ့ vbatလမ်းကြောင်းဟာ(3.7)v pmuရဲ့နားကိုရောက်ကပါမယ်
Fet ac9 ac6 bq24296 pmu အသေးခံပြီးပေးသွင်းတဲ့လမ်းကြောင်းကို vph-pwr လမ်းကြောင်းလို့ခေါ်ပါတယ်
ဘယ်လိုပဲပေးသွင်းပေးသွင်း pmuဆီကိုတော့ရောက်ကပါမယ် မရောက်ဘူးဆို power မနိူးဘူး amp မဆွဲမလှုတ်ဘူးဗျ
(2) power key မှာ volt အားတစ်ခုရှိနေကပါမယ် qualcomm ဆို 0.8 v mtkဆို 3.2v Hi ဆို1.1v spd ဆို 0.8vဆိုပြီး ရှိနေကပါမယ်
မရှိဘူးဆို pmuခဲလွတ်တာဖြစ်နိုင်သလို power key wayလမ်းကြောင်းပျက်နေတာလည်းဖြစ်နိုင်ပါတယ်
(3) power keyကိုနှိပ်လိုက်တာနဲ့ pmu ရဲ့အထွက်ကွိူင်တွေကနေ CPUအလုပ်လုပ်ဖို့အတွက် 1.1 or 1.2voltကိုစတင်ထုတ်ပေးပါတယ်
cpuက voltလက်ခံရရှိပြီဆိုတာနဲ့ သူနဲ့ချိတ်ဆက်ထားတဲ့ Icတွေကောင်းမကောင်းကိုစစ်ဆေးပြီး ကောင်းတယ်ဆိုရင် pmuကိုသတင်းပို့ပါတယ်
pmuက သတင်းရရှိပြီဆိုတာနဲ့ EMMCအတွက် 1.8 or 2.8voltကိုထုတ်ပေးပါတယ်
အဲ့ဒီအချိန်မှာပဲ touch icသို့လည်းကောင်း 1.8 2.8 volt networkပိုင်းသို့လည်းကောင်း 3.3voltတို့ကိုထုတ်ပေးပါတယ်
(4) vbat လမ်းကြောင်းလည်းကောင်းတယ် power keyမှာလည်း voltရှိတယ်
supplyနဲ့ချိတ်ပါဝါနိုးကြည့်တော့မှ ampမလူတ်ဘူးဆိုရင် ပြစ်ချက်နှစ်မျိုးစဉ်းစားကပါမယ်
pmu ပျက်နေတာလား ခဲလွတ်နေတာလား CPUကိုတိုင်မကောင်းတာလားဆိုတာ
အဲ့တော့ power keyကိုဖိပြီး pmu အထွက်ကွိူင်တွေမှာ voltတိုင်းကြည့်ပါ 1.1 1.2 voltပျောက်နေတယ်ဆို cpu errorပါ volt လုံးဝမတွေ့ဘူးဆို pmu errorပါ
MTK deviceတွေမှာ power keyနှိပ်လိုက်လို့ amp နှစ်စိပ်လောက်တက်ပြီး ပြန်ကျသွားရင် error သုံးမျိုးစစ်ကမှာပါ pmu emmc rf ic
သေချာချင်ရင် pcမှာ driverသိလားကြည့်ပါ မသိရင် pmu မကောင်းတာပါ မည့်သည့်deviceမဆို pmu နဲ့ cpuကောင်းမှdriverသိမှာပါ
usbခေါင်းမကောင်းတာကိုမဆိုလိုပါ driverသိတယ်ဆိုရင် တော့ emmc ရယ် rf ရယ်စစ်ကမှာပါ flash toolနဲ့ firmware တင်ကြည့်ကပါမယ်
4032 နဲ့ failရင်တော့ emmc လဲကြည့်ကမှာပါ အကယ်၍ power key နှိပ်တော့မှ amp နှစ်စိပ်တက်ပြီးရပ်နေတယ်ဆို DN DPလိုင်းGကျနေတက်ပါတယ်
CPU ERRORပါ မီတာလက်တံ 5စိပ်လောက်တက်ပြီးpw keyလွှတ်ရင် ပြန်ကျတယ်ဆို output ရှော့ပါ
Pmu ရဲ့အထွက်coilတွေကိုဖြုတ် GROUNDကျမကျစစ် ကျတယ်ဆိုရင် ကျတဲ့ဘက်ကို VOLTကျွေးပြီးရှာကမှာပါ
အနှစ်ချူပ်
အားသွင်း SINGအမြဲပြသော် PMU လဲရန်
SIM VOLTပျောက်သော် pmu လဲရန် sim icကြောင့်လဲဖြစ်နိုင်
touch volt ပျောက်သော် pmuလဲရန်
vibrate အမြဲတုန်သော် pmu လဲရန်
pmu ရဲ့ အထွက်Coil voltတွေပျောက်သော် pmuလဲရန်
pmuရဲ့အထွက် coil 1.1 1.2vပျောက်သော် cpu လဲရန်
pmuရဲ့အထွက်coil 1.8 2.8vပျောက်သော် emmcလဲရန်
credit – CITY STAR
http://www.myanmarmobileapp.com/2016/12/19/%E1
%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%90%E1
%80%85%E1%80%B9%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%90%E1%80%BC%E1
%80%84%E1%80%B9-power-ic-%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%B9/
Comments